Friday, November 23, 2007
Tuesday, November 20, 2007
ဤခရီးနီးသလား
ကျွန်တော်သည် မြန်မာ့မီးရထားဖြင့် နေပြည်တော်မှရန်ကုန်၊ ရန်ကုန်မှ ပြည်ခရိုင်၊ သဲကုန်းမြို့ မိဘဆွေမျိုးများထံသို့ အလည်အပတ်သွားရောက်ခဲ့ရာ လမ်းခရီးတွင် စိတ်ဝင်စားစရာများစွာ တွေ့ရှိခဲ့ရပါသည်။ နေပြည်တော်မှ ရန်ကုန်သို့ မနက်(10း00)နာရီတွင် မြန်မာ့မီးရထားသည် အချိန်မှန်စွာဖြင့် စတင်ထွက်ခွါခဲ့ပါသည်။ ရထားလမ်းဘေးဝဲယာတို့တွင် ရွှေဝါရောင် စပါးခင်းများဖြင့် သာယာလှပလျှက်ရှိပါသည်။ ရထားဈေးသည်များသည်လည်း မိမိတို့ဝမ်းစာအတွက် ရထားတစ်စီးနှင့် တစ်စီးကူးလူးသွားလာ ရောင်းချကြရာ မြင်ရသူအတွက် ရင်ခုန်ဖွယ်ရာကောင်းလှပါသည်။ မိမိတို့ဝမ်းစာ အတွက် ရထားသွားနေစဉ်အတွင်း အဆင်း၊ အတက် ပြုလုပ်နေကြရပါသည်။ လမ်းဘေးတွင် မီးရထားလမ်းလုံခြုံရေးအတွက် စောင့်နေကြရသော ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေး အတွက် ပြည်သူကြာမှ ပြည်သူအချို့သည် (24)နာရီ တာဝန်ယူစောင့်ကြပ်ပေးနေကြရပါသည်။ ကျွန်တော်တို့ ပြည်သူပြည်သားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်စည်းလုံးစွာဖြင့် နေထိုင်ကြပါလျှင် အဆိုပါ ပြည်သူ့အချို့သည် နိုင်ငံတော်အတွက် အခြားတိုးတက်စေမည့် လုပ်ငန်းများ၊ မိမိတို့ မိသားစုအတွက် အခြားလိုအပ်သောလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြင့် နိုင်ငံတော်အကျိုးဆောင်ရွက်မှသာ နိုင်ငံတော်ကြီးတိုးတက်လာမည် ဖြစ်ပါသည်။မြန်မာ့မီးရထားကြီးသည် အချိန်မှန်စွာဖြင့် ည (063း0)အချိန်တွင် ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ခဲ့ပါသည်။ တည်းခိုမည့်အိမ်သို့ ဘူတာမှတဆင့် သွားရောက်ခဲ့ပါသည်။နောက်တစ်နေ့မနက်တွင် ဘူတာသို့ထပ်မံသွားရောက်ခဲ့ပြီး နောက်နေ့ နေ့လည်(01း00)အချိန်ထွက်မည့် ရန်ကုန်-ပြည်ရထားလက်မှတ် ၀ယ်ရာတွင် ရန်ကုန်ဘူတာကြိုတင်လက်မှတ်အရောင်းဌာနတွင် အနယ်နယ် အရပ်ရပ်သို့ ခရီးသွားလာကြမည့် ခရီးသွားပြည်သူများသည် စနစ်တကျတန်းစီလက်မှတ်ဝယ်ယူနေကြပါသည်။ ရထားလက်မှတ်ရောင်းချသည့် ၀န်ထမ်းများသည် ပြည်သူတို့၏သားသမီးများဖြစ်ကြသည့်အတွက် ရထားစီး ခရီးသည်များအပေါ်တွင် ယဉ်ကျေးချိုသာစွာ ဆက်ဆံသင့်ကြပါသည်။ ထိုင်ခုံလက်မှတ်များကိုလည်း အရှိကို အရှိအတိုင်း ရောင်းချသင့်ပေသည်။ လက်မှတ်ခနှုန်းထားအတိုင်းသာ ယူသင့်ပါသည်။ ပေးလိုက်သောငွေကို ပြန်အမ်းတတ်သောအကျင့်ကို လေ့ကျင့်ထားသင့်ပါသည်။
နောက်တစ်နေ့နေလည် (01း00)အချိန်တွင် ရန်ကုန်-ပြည်ရထားကြီးစတင်ထွက်ခွါခဲ့ရာ သဲကုန်းမြို့သို့ ည (083း0)အချိန်တွင် ရောက်ရှိခဲ့ပါသည်။ သဲကုန်းမြို့သည် ရထားလမ်းတစ်ခုသာ အားကိုးရသည့်မြို့ဖြစ်သည့်အတွက် ဆိုင်ကယ်ကို ပေါများစွာ တွေ့ရှိရပါသည်။ တစ်နေရာနှင့် တစ်နေရာ၊ တစ်ရွာနှင့်တစ်ရွာ သွားလာရေးအဆင်ပြေသည့် ဆိုင်ကယ်ကို အဓိက သုံးစွဲနေကြရပါသည်။ ဆိုင်ကယ်တစ်စီးသည် တစ်နေ့ကို ဓါတ်ဆီတစ်ဘူးသုံးစွဲရပါက ဆိုင်ကယ်ပေါင်းများစွာသည် တစ်လ၊ တစ်နှစ် သုံးစွဲမှုများသည် အနည်းငယ် ဟု ဆိုသော်လည်း စုပေါင်းလိုက်ပါက ပမာဏ များပြားလာပေမည်။ ဆိုင်ကယ်အစား စက်ဘီးဆိုင်ကယ်များ၊ အခြား အဆင့်မြင့်နည်းပညာသုံး သွားလာရေးပစ္စည်းများကို နောင်တွင်အစားထိုးသုံးစွဲသင့်ပါသည်။ မြေသယံဇာတ သည် တစ်ချိန်ချိန်တွင် ကုန်ခမ်းသွားပေးမည်။ နောင်လာနောင်သားများအတွက် ရေရှည်အကျိုးကိုမျှော်ကိုး၍ ချိုးခြံချွေတာ သုံးစွဲသင့်ပါသည်။
Labels: my idea
Sunday, November 4, 2007
ပညာနှင့် တံငါ
အရာရာတွင် သတိတရားဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အောင်မြင်ခြင်း၏ အစဖြစ်သည်။ အောင်မြင်မှုကို လူတိုင်း လိုချင်ကြသည်။ သို့သော် ကျိုးစားမှုကို မပြုလိုဘဲ လိုချင်သူကများသည်။ ကျောင်းသားဘ၀တွင် ကျောင်းသားတိုင်း စာမေးပွဲအောင်ချင်ကြသည်။ စာမေးပွဲ မအောင်ချင်သော ကျောင်းသားတစ်ယောက်မျှ မရှိပေ။ ကျောင်းသားများ၏ ကြိုးစားမှုသည် တစ်ဦးနှင့်တစ်ဦး မတူကြပေ။ အလုပ်တစ်ခုကို ဖြည်းဖြည်းနှင့် မှန်မှန် အချိန်ယူ လုပ်ကိုင်မှုမရှိဘဲ အနီးကပ်မှ လုပ်ဆောင်ကြသည့်အတွက် အမှားများ ရရှိလာတတ်ပါသည်။ အချိန်သည် လူ၏တန်ဖိုးဖြစ်ပါသည်။ အချိန်ရှိခိုက် လုံ့လစိုက်ထုတ်ရန် အရေးကြီးပါသည်။ အချိန်တိုင်းအချိန်တိုင်း ပညာတစ်ခုရစေရန် ကြိုးစားရပေမည်။
Labels: my idea
ကျွန်တော်ဘ၀အကြောင်း
ကျွန်တော်ကို ကရင်ပြည်နယ်၊ အလယ်တံခွန်တိုင်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မိဘမွေးချင်း (8)ယောက်အနက် အငယ်ဆုံးဖြစ်ပြီး အဆိုးဆုံးမဟုတ်ခဲ့ပါ။ မိဘများ၏ မေတ္တာသည် ကြီးမားလှပါသည်။ ကျွန်တော်ကျောင်းစနေသောအရွယ်တွင် ကျွန်တော်မိခင်သည် ကျွန်တော်နှင့်အတူ ကျောင်းလိုက်တက်နေခဲ့ရသည်။ ကျွန်တော်ကျောင်းဆင်းမှ ကျွန်တော်အမေကျွန်တော်နှင့်အတူပြန်ရသည်။ မိဘ၏ ချစ်ခင်မှုကို ဆိုးခဲ့ခြင်း မဟုတ်ပါ။ ကျွန်တော်သည် အမေအပေါ်တွင် အချစ်ပိုခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်တော်အမေသည် ကျွန်တော်အတွက် အချိန်တွေ ကုန်ခဲ့ရသည်။ ကျွန်တော် လူဆိုးဖြစ်ခဲ့ရသည်။ ယခုအရွယ်ထိ ကျွန်တော်အမေအတွက် ကျွန်တော်ဘာတစ်ခုမှ မလုပ်နိုင်ခဲ့သေးပေ။ အမေသည် ဘာမျှော်လင့်ချက်မှ မထားဘဲ သားအတွက် အပင်ပန်းခံခဲသည်။ အမေကျေးဇူးဆပ်နိုင်အောင် ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်အမေသည် လူဘ၀တွင် မရှိတော့ပါ။ ကျွန်တော် လုပ်နိုင်တာ တစ်ခုဘဲရှိတော့သည်ဟု တွေးမိသည်။ ယင်းသည်ကျွန်တော်လို အမေအပေါ် ဆိုးခဲ့သည့် သားဆိုးများ အမေအပေါ် ကျေးဇူးဆပ်နိုင်ကြပါစေလို့။
Labels: my life
Thursday, October 25, 2007
ပထမ နိဒါန်း
ပင်လယ်ပြင်အစ ကမ်းခြေကဖြစ်ပြီး ပင်လယ်ပြင်အဆုံးသည် ကမ်းခြေပင် ဖြစ်ပါသည်။ လူသားတိုင်းသည် ဘ၀အစမှအဆုံးတိုင်း လူ့ဘ၀ပင်လယ်ပြင်အတွင်း ကူးခတ်မျှောပါနေကြရပါသည်။ သဘာဝတရား၏ စေခိုင်းချက် ဖြစ်နိုင်ပါသည်။ ဘ၀ကို အစပြုပြီး ဘ၀ကို အဆုံးတိုင်း ကျင်လည်ကြရပါသည်။ တစ်ဦးနှင့်တစ်ဦး ခဏတာ တွေ့ကြရသည့် လူဘ၀တွင် မေတ္တာတရားလူသားတိုင်းအပေါ်တွင် ထားနိုင်ကြမှသာလျှင် ကမ္ဘာကြီး အေးချမ်း နေပေမည်။ ပင်လယ်ပြင်သည် ကျယ်ပြော၏။ ထို့အတူ လူသားတို့၏ ဘ၀သည့် အစရှိသလို အဆုံးလည်း ရှိကြပါသည်။Labels: my idea
